Oct 28, 2009

10 ကိုယ်ယုံကြည်ရာ


ကိုယ်ယုံကြည်ရာ ခေါင်းစဉ်လေး အောက်မှ...

ညီမငယ် နေ့အိမ်မက် ရဲ့ တက်ဂ်ပိုစ့်လေးကို ရေးပါ့မယ်...<<<ကိုယ်ယုံကြည်ရာ>>>....တဲ့ ခေါင်းစဉ်လေးက အလွန်ကောင်းတဲ့အတွက် ညီမငယ်ရေ ကျေးဇူးပါ...ညခင်း ဘလော့်လေး စတင်ခဲ့စဉ်က စုံစီနဖာ ရေးခဲ့ပါတယ်။အခုနောက်ပိုင်း မှာ ညခင်းအပါအ၀င် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဒါန၊ သီလ၊ ဘာဝနာ တိုးတက်စေခြင်းငှာအကြောင်းပြုလို့ ဇာတ်တော်၊ပုံဝတ္တုလေးတွေ၊ သာဓကလေးတွေကို ပိုပြီး ရေးဖြစ်ခဲ့ပါတယ်။ ဘယ်စာသားမှ ညခင်းကိုယ်ပိုင် မရှိပါဘူး။ မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ လက်ဆင့်ကမ်း ဖြန့်ဝေပေးသော ဆရာတော်ကြီးများ၏ သြ၀ါဒများ၊ အသိပညာများ သာလျှင်ဖြစ်ပါတယ်။

ကိုယ်ယုံကြည်ရာ....

ညခင်း ဘာကိုယုံကြည်သလဲ... ဘာလို့ယုံကြည်သလဲ... ဘယ်လောက်ယုံသလဲ...မေးစရာရှိလာပြီနော်...
ဆက်စဉ်းစား မိတော့....ညခင်းက ဗုဒ္ဓဘာသာ ကိုယုံကြည့်ပါတယ်။ယုံကြည်တာမှ အကြွင်းမဲ့ယုံပါတယ်။

ဗုဒ္ဓဘာသာ ဆိုတာ ဘယ်လိုဟာလဲလို့
ဘာသာခြားတွေက မေးကြမယ်ဖုံဖုံ
ဘုရားကိုလဲယုံ၊ တရားကိုလဲယုံ၊ သံဃာကိုလဲယုံ
ကိုးကွယ်သည့် သရဏဂုံငါးပါးသီလလုံ
အပ္ပါယ်လေးပါး တံခါးပိတ်လေကုန်။

အဲဒီနောက်...ဘာလို့ ယုံကြည်လည်း ဆိုရင် ဝေဖန်ပိုင်းခြား ခံနိုင်လို့ဖြစ်ပါတယ်။ မြတ်စွာဘုရားသည်... ကာလမသုတ်တော်တွင်....အို ...အချင်းကာလမ အနွယ်တို့ -

သင်တို့သည် အယူဝါဒတစ်ခုကို....... တစ်ဆင့်ကြားဖြင့်၎င်း၊ အမှန်ကိုမယူကြနဲ့
ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်ကိုမယူကြနဲ့

ဤသို့ဖြစ်ဘူးသတဲ့ ဆိုသဖြင့်လည်း အမှန်ကိုမယူကြနဲ့

ကျမ်းဂန်နှင့်ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်ကိုမယူကြနဲ့
နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်ကိုမယူကြနဲ့
အကြောင်းခြင်းရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်းအမှန်ကိုမယူကြနဲ့
မိမိတို့ကြံစည်နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့်လည်း အမှန်ကိုမယူကြနဲ့ လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့မယူဆကြနဲ့

သင်တို့သည် မိမိတို့ကိုယ်တိုင်.....

ဤတရားတို့သည် အကုသိုလ်တရားတို့တည်း ၊ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ကဲ့ရဲ အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာဖြစ်ကုန်၏ ဟုသိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ချီးမွှမ်း အပ်သော တရားတို့တည်း၊ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်း၊ ချမ်းသာခြင်းငှာဖြစ်ကုန်၏ ဟုသိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်ကြံကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်ကြံသူအနေဖြင့်...ဒီလိုအကျိုးအပြစ်တွေကိုလည်းပြထားပါတယ်။

**ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊ နင်ယခု မေ့ပုံကို၊ တွေ့မကြုံ စခန်း၊ ပါယ်လေးဝ သောကဘုံမှာ ၊မျောရရုံ ရှိတော့ ခမန်း။
**အောက်ဝီစိ သောင်းအငူမှာ ၊ ခေါင်းမပြူစတန်း၊ နှစ်အရှည် နစ်မည် လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊ ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
**သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်၊ ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
**ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

**ခွင့်သာတုန်ုးကမှ မရုန်းချင်လျှင်၊ အရှုံးနင်ပြင် ရှိသေးလိမ့်လား။

ဤကဲ့သို့ အကျိုးအပြစ်ကို ထင်ရှားစွာပြဆိုထားသောကြောင့် ၄င်း၊ မိမိ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာလျှင် ရသောတရားများဖြစ်သောကြောင့်၎င်း အကြွင်းမဲ့ယုံကြည်ပါသည်။ထို့ပြင် စစ်မှန်သော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး တရားအစစ် အမှန်အကျင့်များကို လိုက်နာကျင့်သုံး ကြိုးစားအားထုတ် ပါက လက်ငင်းအားဖြင့် စိတ်ချမ်းသာမှုရရှိပြီး ၀ဋ်ဆင်းရဲအပေါင်းမှ ဧကန်မုချကင်းလွတ်နိုင်သည်ဟု မမှိတ်မသုန် ယုံကြည်သက်ဝင်သောကြောင့် ရတနာ သုံးပါးကို ယုံကြည်စွာကိုးကွယ် ဆည်းကပ်ပါတယ်လို့........။

ညီမငယ်ရေ... ဒီလောက်နဲ့ကျေနပ်ပါလို့...တောင်းပန်ပါတယ်။

ဘုရားပုံတော်လေး က ဒီဆိုဒ်မှ ကူးယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

10 - ခုမှတ်ချက်ပေးခဲ့တယ်:

ဂျပန်ကောင်လေး said...

ကောင်းလိုက်တဲ့ ယုံကြည်မှုလေး..

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း ယုံတယ်.. တီလေးလိမ္မာသွားပြီ.. ဆိုးတော့ဘူး.. (ရေးပေးလို့ :P) နောက်တစ်ပုဒ်ကျ “မ”ပါတဲ့ သူတွေ တဂ်ရင်ကောင်းမလား စဉ်းစားနေတယ်.. :D

နေ့အိပ်မက် said...

မေ့လို့.. ဒီဟာကို မမမေကျော်က တဂ်တာတီလေး သူ့ကိုက ကိုပြည့်ဖြိုးတဂ်တာတဲ့ ခေါင်းစဉ်အရွေးတော်တယ်နော်..

မိုးခါး said...

အရမ်းကို ကောင်းတဲ့ ယုံကြည်ချက်လေးပါ ..း))

ကိုတိုးလေး said...

အရမ်းကိုကောင်းတဲ့ယုံကြည်ချက်လေးပါပဲနော်။

flowerpoem said...

ယုံကြည်ချက်တွေ အရမ်းကို ကောင်းပါတယ် ကျွန်မတို့လည်း ရေးရတယ် လာဖတ်ပါအုံးနော်.

ဦးလောကနာထ said...

ဒကာမကြီး ညခင်း ရေ...
ယုံကြည်ချက်အရေးအသား ကောင်းတယ်ကြားလို့ လာရောက်ခံစားပြီး...
သာဓု သုံးကြိမ် ခေါ်ဆိုသွားပါတယ်...

ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ...

မိုးထက်အိမ် said...

မမရဲ့ ယုံကြည်မှုလေးကို လာဖတ်တာ မမ.....
ယုံကြည်မှုလေးရော ၊ အရေးလေးရော ကောင်းတယ်နော် လို့ မ၀ံ့မရဲနဲ့ ချီးကျူးသွားတယ်နော် ....

မောင်ကောင်း said...

ယုံကြည်ရာအကြောင်းလေး ဖတ်မှတ်သွားပါတယ်.. သာဓုပါအစ်မရေ... သာဓုခေါ်ပါတယ်ဗျာ..

ညီညီ said...

ယုံကြည်ချက်ကောင်းပါ၏။ သာဓု သာဓု သာဓု ပါဗျာ။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

Post a Comment

တရင်းတနှီး ဆွေးနွေးခဲ့ပါ။အားလုံးပျော်ရွှင်ကြပါစေ။

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။