Feb 6, 2010

2 မမွှေးတဲ့ပန်း ဘာသွားနမ်းမလဲ



မမွှေးတဲ့ပန်း ဘာသွားနမ်းမလဲ

အဆင်းအရောင်နဲ့
အပွင့်ပုံစံလှပေမယ့်
အနံ့မမွှေးဘူးဆိုရင်
အဲဒီပန်းဟာ
ပန်ဆင်သူကို
မသင်းပျံ့စေနိုင်သလို
ကောင်းမြတ်တဲ့
ဘုရားစကားတော်တွေဟာလည်း
နာကြားကျင့်ကြံမှု
မပြုလုပ်သူအတွက်
ဘာအကျိုးမှ မရှိပါဘူး။



ပန်းဆိုမွှေးမှ တရားဆိုကျင့်မှ

အဆင်းအရောင်နဲ့
အပွင့်ပုံစံလည်းလှ
အနံ့လည်းမွှေးမယ်ဆိုရင်
အဲဒီပန်းဟာ ပန်ဆင်သူကို
သင်းပျံ့စေနိုင်သလို
ကောင်းမြတ်တဲ့
ဘုရားစကားတော်တွေဟာလည်း
နာကြားကျင့်ကြံမှု
ပြုလုပ်သူအတွက်
သိပ်ကိုအကျိုးကြီးမားလှပါတယ်။ ( ဓမ္မပဒဂါထာ-၅၁ )

ဆရာတော်အရှင်ဆန္ဒာဓိက မှ ဘုရားဟော မူရင်းဂါထာတော်တွေကို မြန်မာလိုပြန်ဆို ဖော်ပြထားခြင်းဖြစ် ပါတယ်။ စိတ်အားဖြည့်ဓမ္မပဒစာအုပ် မှကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း







2 - ခုမှတ်ချက်ပေးခဲ့တယ်:

flowerpoem said...

ပန်းဆိုမွှေးမှတရားဆိုကျင့်မှတဲ့ မှန်သော တရား အဆုံးအမများကို နာယူမှတ်သားသွားပါတယ် ညခင်းရေ

ဂျပန်ကောင်လေး said...

အတော်ကောင်းတဲ့ အဆုံးအမပဲဗျာ... ထေရ၀ါဒဟာ ဘုရားဟောစကားကို လိုက်နာကျင့်သုံးမှုအပေါ်မှာ မူတည်တယ်လေ... သိသာသိတယ်..မကျင့်ရင်တော့ မသိသလိုပါပဲနော်....


ခင်မင်တဲ့
ဂျပန်ကောင်လေး

Post a Comment

တရင်းတနှီး ဆွေးနွေးခဲ့ပါ။အားလုံးပျော်ရွှင်ကြပါစေ။

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။